မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ သက်တမ်း ၁၇၅ နှစ်ရှိ ဦးပိန်တံတားနှင့် ပြင်ဦးလွင်မြို့ရှိ သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ရှိ ရှေးဟောင်းအဆောက်အအုံများတွင် ရှေးဟောင်းမြို့ပြအမွေအနှစ် အမှတ်တံဆိပ် ကမ္ဗည်းမော်ကွန်းကြေးပြားများ တပ်ဆင်ခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့ တက်ရောက်ခဲ့ကြပြီး တောင်သမန်အင်းရှိ ဦးပိန်တံတားအပြင် ပြင်ဦးလွင်မြို့ရှိ သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် မြိုင်ကြီး အစရှိသည့် ရှေးဟောင်းအဆောက်အအုံများ၌ ကြေးပြားများ တပ်ဆင်ပေးခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေနန်းထိုက်ဟိုတယ်၌ ဒေသတွင်း ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြင်ဦးလွင်ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊သက်တမ်း ၁၇၅ နှစ်ရှိ ဦးပိန်တံတားနှင့် ပြင်ဦးလွင်ရှိ ရှေးဟောင်းအဆောက်အအုံများ၌ အမွေအနှစ်ကမ္ဗည်းမော်ကွန်းကြေးပြားများ တပ်ဆင်
Aug 21 • 1:42 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 27 | 0 | 0 | 0 |


