back

စက်တင်ဘာ ၁ ရက်မှ စတင်၍ အိမ်ခြံမြေ အရောင်းအဝယ် အမည်ပြောင်းရာတွင် ရောင်းသူ၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါ တင်ပြရမည်

Aug 21 • 1:39 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

စက်တင်ဘာ ၁ ရက်မှ စတင်၍ အိမ်ခြံမြေ အရောင်းအဝယ် အမည်ပြောင်းရာတွင် ရောင်းသူ၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါ တင်ပြရမည်

အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ပြီး အမည်ပြောင်း မှတ်ပုံတင်လျှောက်ထားရာတွင် လာမည့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဝယ်ယူသူ၏ ဝ...

အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ပြီး အမည်ပြောင်း မှတ်ပုံတင်လျှောက်ထားရာတွင် လာမည့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဝယ်ယူသူ၏ ဝင်ငွေခွန်ဆိုင်ရာ ထောက်ခံချက်အပြင် ရောင်းချသူ၏ အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် ပတ်သက်သည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။ အဆိုပါ စည်းမျဉ်းသည် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများ၌ မှတ်ပုံတင်စာချုပ် ချုပ်ဆိုခြင်းနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့တွင် အမည်ပြောင်း လျှောက်ထားခြင်းများ၌ သက်ရောက်မည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ဝယ်ယူသူများအနေဖြင့် မြို့နယ်အခွန်ရုံးများတွင် ဝင်ငွေရလမ်း စိစစ်မှုခံယူရမည်ဖြစ်သကဲ့သို့ ရောင်းချသူများကလည်း အခြေပစ္စည်းမှ မြတ်စွန်းငွေ စိစစ်မှုခံယူကာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံများကို ကြိုတင်ရယူထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

63