တရုတ် ထိပ်တန်း စီးပွားရေးဆိုင်ရာ ဒုံးပျံကုမ္ပဏီတစ်ခုဖြစ်သည့် LandSpace သည် Zhuque-3 စတီးလ်ဒုံးပျံ၏ ပထမအဆင့် တွန်းအားပေးစက်ကို ဂြိုဟ်တုပတ်လမ်းကြောင်းသို့ ပစ်လွှတ်ပြီးနောက် အောင်မြင်စွာ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ရာ ကုန်ကျစရိတ် သက်သာသည့် ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံများ တီထွင်ရေးအတွက် အဓိက ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်လက CASC ၏ Long March 10B ကို ပင်လယ်ပြင်အခြေစိုက် ပိုက်ကွန်ဖမ်းယူစနစ်ဖြင့် သိမ်းဆည်းခဲ့ပြီးနောက် ယခု ဆင်းသက်ထောက်တိုင်သုံး နည်းပညာဖြင့်ပါ အောင်မြင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မတူကွဲပြားသော နည်းပညာလမ်းကြောင်း ၂ မျိုးလုံးဖြင့် ဂြိုဟ်တုပတ်လမ်းကြောင်းသုံး ဒုံးပျံများ ပြန်လည်သိမ်းဆည်းနိုင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ထို့ပြင် LandSpace သည် SpaceX၊ Blue Origin နှင့် CASC တို့ပြီးလျှင် ဂြိုဟ်တုပတ်လမ်းကြောင်း ပစ်လွှတ်မှုမှ ဒုံးပျံပြန်လည်သိမ်းဆည်းနိုင်သည့် ၄ ခုမြောက် အဖွဲ့အစည်းဖြစ်လာကြောင်း သိရသည်။
တရုတ်က ဂြိုဟ်တုပတ်လမ်းကြောင်းသုံး ဒုံးပျံများကို အောင်မြင်စွာ ပြန်လည်သိမ်းဆည်းနိုင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာ
Aug 21 • 1:36 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


