အမျိုးသားစာပေတစ်သက်တာဆုရှင်၊ ဝဏ္ဏကျော်ထင် စာရေးဆရာကြီး မောင်ဆွေသက် (ဗိုလ်မှူးကြီး ညွန့်ဆွေ-ငြိမ်း) အသက် (၉၁) နှစ်၏ ဈာပနအခမ်းအနားကို ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ရာ မိသားစုဝင်များ၊ စာပေနှင့် မီဒီယာလောကမှ ပုဂ္ဂိုလ်များ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ လာရောက်ဂါရဝပြု လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ဩဂုတ်လ ၁၉ ရက်တွင် မင်္ဂလာဒုံ တပ်မတော်ဆေးရုံ၌ ကွယ်လွန်ခဲ့သူ ဆရာကြီး မောင်ဆွေသက်သည် တပ်မတော်၊ သံတမန်ရေးရာနှင့် ရာထူးဝန်အဖွဲ့တို့တွင် နိုင်ငံ့တာဝန်များ ထမ်းဆောင်ခဲ့သည့်အပြင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း နာယကနှင့် စာပေရေးသားခြင်းလုပ်ငန်းများကိုပါ စက်ဆက်မပြတ် ဆောင်ရွက်ခဲ့သဖြင့် ဝဏ္ဏကျော်ထင်ဘွဲ့၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုနှင့် ၂၀၂၃ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုတို့ကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။
အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး မောင်ဆွေသက်၏ နောက်ဆုံးခရီးကို စာပေ၊ မီဒီယာနှင့် နယ်ပယ်အသီးသီးမှ လိုက်ပါပို့ဆောင်
Aug 21 • 1:34 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


