back

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့၌ ခြင်ဆီအစားထိုးကုသမှု လူနာ ၁၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့

Aug 21 • 1:33 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့၌ ခြင်ဆီအစားထိုးကုသမှု လူနာ ၁၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့တွင် သွေးနှင့် ခြင်ဆီကင်ဆာရောဂါအပါအဝင် သွေးရောဂါဝေဒနာရှင်များအတွက် သွေးခြင်ဆီပင်မကလာပ်စည်း အစားထ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့တွင် သွေးနှင့် ခြင်ဆီကင်ဆာရောဂါအပါအဝင် သွေးရောဂါဝေဒနာရှင်များအတွက် သွေးခြင်ဆီပင်မကလာပ်စည်း အစားထိုးကုသမှု (HSCT) ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်အထိ လူနာစုစုပေါင်း ၁၀၃ ဦး (ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၃၃ ဦးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် ၇၀ ဦး) အား အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်းကလည်း မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ လူနာ ၄ ဦးအား ခြင်ဆီအစားထိုး ကုသပေးခဲ့ရာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဩဂုတ်လဆန်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ပြည်ပသို့ သွားရောက်ကုသရန်မလိုဘဲ ပြည်တွင်း၌ ကုန်ကျစရိတ် သက်သာစွာဖြင့် အဆင့်မြင့်ကုသမှု ခံယူနိုင်ရေးအတွက် အဆိုပါ ကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

news-view-count-icon

23