back

အီရန်အပေါ် စီးပွားရေးဖိအားပေးမှု ဘယ်လောက်ကြာမလဲဆိုတာ မသိဟု အမေရီကန်ဒုသမ္မတဗန့်စ် ပြောကြား

Aug 21 • 1:30 PM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်အပေါ် စီးပွားရေးဖိအားပေးမှု ဘယ်လောက်ကြာမလဲဆိုတာ မသိဟု အမေရီကန်ဒုသမ္မတဗန့်စ် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အီရန်အပေါ် စီးပွားရေး ဖိအားပေးမှုများကို မည်မျှအထိ ကြာရှည် ဆက်လက်လုပ်ဆောင်သွားရမည်ကို မသိရှိကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အီရန်အပေါ် စီးပွားရေး ဖိအားပေးမှုများကို မည်မျှအထိ ကြာရှည် ဆက်လက်လုပ်ဆောင်သွားရမည်ကို မသိရှိကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က Newsmax TV နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် ဖိအားများကို သီတင်းပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ် မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို ကြိုတင်ခန့်မှန်းရန် ခက်ခဲသော်လည်း၊ အဆိုပါ ဖိအားများသည် အီရန်တွင် နျူကလီးယားလက်နက် မရှိစေရေးဟူသည့် အမေရိကန်၏ ပန်းတိုင်အတွက် အထောက်အကူဖြစ်စေကြောင်း ၎င်းက ပြောဆိုခဲ့သည်။ သမ္မတ ထရန့်က အီရန်အပေါ် အပြင်းထန်ဆုံး စီးပွားရေးစစ်ဆင်ရေး စတင်ပြီဟု ကြေညာထားပြီး အီရန်ကို ကူညီပံ့ပိုးသည့် မည်သည့်နိုင်ငံမဆို အမေရိကန်၏ ပြင်းထန်သော စီးပွားရေး အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု သတိပေးထားကြောင်း

 သိရသည်။

news-view-count-icon

23