အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်ကြွေးမြီ ဒေါ်လာ ထရီလီယံ ၅၀ အထိ ရောက်ရှိသွားပါက နိုင်ငံ၏ အခြေအနေများ စတင် ပျက်စီးယိုယွင်းလာလိမ့်မည်ဆိုသည့် အယူအဆကို စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်ခ်က ထောက်ခံသဘောတူခဲ့သည်။ ဒေါ်လာ ထရီလီယံ ၅၀ အမှတ်ကို စိုးရိမ်စရာ အကဲဆတ်ဆုံမှတ်အဖြစ် သတ်မှတ်ဖော်ပြထားသည့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦး၏ ဂရပ်ဖ်ပုံအောက်တွင် မတ်စ်ခ်က "ဂရပ်ဖ်က အတိအကျပဲ" ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ နိုင်ငံတော်ကြွေးမြီသည် ၁၀ နှစ်မပြည့်မီ အချိန်အတွင်း ထရီလီယံ ၂၀ ခန့် တိုးတက်လာခဲ့ပြီး လက်ရှိတွင် စံချိန်တင် ဒေါ်လာ ထရီလီယံ ၄၀ ကို ကျော်လွန်သွားခဲ့ပြီဖြစ်ကာ၊ IMF က ၂၀၂၆ ခုနှစ်တွင် အမေရိကန်၏ GDP တိုးတက်မှုနှုန်းကို ၂.၃ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Aug 21 • 1:25 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


