၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက် နံနက် ၇ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝါးတန်းမြောက်ရပ်၊ ထုတ်ပိုးလမ်းပေါ်၊ မြကျွန်းဧရာဆေးပေါင်းတိုက်နှင့် သမဝါယမဝန်းတို့တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ သတင်းရရှိသဖြင့် အမရပူရမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူများ သွားလာရေး လွယ်ကူစေရန်အတွက် ရှင်းလင်းရေးလုပ်ငန်းများကို ချက်ချင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေး ဆောင်ရွက်
Aug 21 • 1:24 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 26 | 0 | 0 | 0 |


