၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျောင်းကုန်းမြို့နယ်နှင့် ကျုံပျော်မြို့နယ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ ရေများ ဝင်ရောက်ခဲ့သည်။ ယင်းသို့ ရေဝင်ရောက်မှုကြောင့် အဆိုပါ ရပ်ကွက်နှင့် ကျေးရွာများရှိ ရေဘေးသင့် အိမ်ထောင်စုများအား ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းနှင့် ကျုံပျော်မြို့နယ် မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာ ဘေးကင်းသည့်နေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်၍ ကူညီရွှေ့ပြောင်းပေးခဲ့
Aug 21 • 1:23 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 46 | 0 | 0 | 0 |


