back

မြန်မာ–ဘယ်လာရုစ် ပညာရေး၊ သိပ္ပံနှင့် အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

Aug 21 • 1:22 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ–ဘယ်လာရုစ် ပညာရေး၊ သိပ္ပံနှင့် အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဘယ်လာရုစ်နိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Ivanets Andrey Ivanovich နှင့် ဩဂုတ်လ ၂၁ ရက်က မင့်စ်မြို့၌ တွ...

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဘယ်လာရုစ်နိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Ivanets Andrey Ivanovich နှင့် ဩဂုတ်လ ၂၁ ရက်က မင့်စ်မြို့၌ တွေ့ဆုံကာ နှစ်နိုင်ငံ ပညာရေး၊ သိပ္ပံနှင့် အာကာသနည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်နှင့် Belarusian State University တို့အကြား အပါအဝင် ပညာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရန် နှစ်ဖက်စလုံးက အသင့်ရှိနေကြောင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား နားလည်မှုစာချွန်လွှာ လဲလှယ်ရေးနှင့် ဘယ်လာရုစ်၏ သိပ္ပံ၊ နည်းပညာ၊ မောင်းသူမဲ့လေယာဉ် တည်ဆောက်ရေး၊ ဂြိုဟ်တုနည်းပညာ အသုံးချရေးနှင့် အဏုမြူဘာသာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေးတို့ကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

49