back

ရန်ကုန်တိုင်းဒေသကြီး၊တညင်းကုန်းဈေးအနီး ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် လေးလမ်းသွား မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်မည်

Aug 21 • 1:17 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊တညင်းကုန်းဈေးအနီး ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် လေးလမ်းသွား မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တညင်းကုန်းဈေးအနီး ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်ကားလမ်းဆုံ၌ မီးရထားနှင့် မော်တော်ယာဉ်များ ဖြတ်သန်းမှုကြောင့် ဖြစ်ပေ...

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တညင်းကုန်းဈေးအနီး ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်ကားလမ်းဆုံ၌ မီးရထားနှင့် မော်တော်ယာဉ်များ ဖြတ်သန်းမှုကြောင့် ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် PC Girder နှင့် Steel Box Girder အမျိုးအစား လေးလမ်းသွား ခုံးကျော်တံတား တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ စီမံကိန်းအတွက် ဩဂုတ်လ ၂၀ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တံတားတည်ဆောက်မည့်နေရာ၌ မြေစမ်းသပ်ခြင်းလုပ်ငန်းနှင့် စီမံချက်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလွှဲဆောင်ရွက်ရေးနှင့် တည်ဆောက်နေစဉ်အတွင်း ယာဉ်ကြောမပိတ်ဆို့ရေး ကြိုတင်စီစဉ်ရန် မှာကြားခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

news-view-count-icon

25