back

(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး သဘောတူညီချက်များ လက်မှတ်ရေးထိုးလဲလှယ်

Aug 21 • 1:14 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး သဘောတူညီချက်များ လက်မှတ်ရေးထိုးလဲလှယ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ဩဂုတ်လ ၂၀ ရက်တွင် နှစ်နိုင်ငံတပ်မတ...



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ဩဂုတ်လ ၂၀ ရက်တွင် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha တို့ ဦးဆောင်ကျင်းပခဲ့ကြပြီး ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် နယ်စပ် မီးခိုးမြူငွေ့ တားဆီးကာကွယ်ရေး စသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြကာ (၁၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15