တရုတ်သမ္မတ ရှီကျင့်ဖျင့်၏ အမေရိကန် ခရီးစဉ်မှာ သီတင်းပတ်အနည်းငယ်မျှသာ လိုတော့သော်လည်း နှစ်နိုင်ငံအကြား ကျင်းပရန် မျှော်လင့်ထားသည့် AI ဆိုင်ရာ ဆွေးနွေးပွဲအတွက် တွေ့ဆုံမည့်နေရာ၊ ပါဝင်တက်ရောက်မည့်သူများနှင့် ဆွေးနွေးမည့် အကြောင်းအရာများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ အမေရိကန်ဘက်တွင် မည်သည့်ဌာနက ဦးဆောင်ရမည်ကို ဆုံးဖြတ်ရသေးခြင်း မရှိသည့်အပြင်၊ နည်းပညာကျွမ်းကျင်သူများနှင့် OpenAI, Anthropic, Google DeepMind, DeepSeek, Alibaba ကဲ့သို့သော ပုဂ္ဂလိက AI ကုမ္ပဏီများ ပါဝင်သင့်/မသင့် အပါအဝင် အခြားသော သဘောထားကွဲလွဲမှုများ ရှိနေသေးကြောင်း ဖော်ပြထားသည်။
Aug 21 • 1:12 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


