တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပမည်ဖြစ်ပြီး သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက စားသုံးဆီ ခွဲတမ်းစနစ် စီမံဆောင်ရွက်မှု၊ ပြည်သူများ လုံလောက်စွာ ရရှိရေးနှင့် စျေးကွက်အတွင်း မသမာမှုပြုလုပ်သူများကို အရေးယူမည့် အစီအစဉ်များကို အဓိကထား မေးမြန်းသွားမည် ဖြစ်သည်။ ထို့ပြင် အခြားမြို့နယ်များမှ ကိုယ်စားလှယ်များကလည်း တရားမဝင် သဲ/ကျောက် စုတ်ယူမှု၊ ကျူးကျော်တဲများ ရှင်းလင်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးသုံး မြေသြဇာ/ပိုးသတ်ဆေး စျေးနှုန်းများ အပါအဝင် မြေပြင်ပိုင်ဆိုင်မှု၊ အမှိုက်သိမ်းဆည်းမှုနှင့် ချောင်းမြောင်းများပေါ်ရှိ ဥပဒေမဲ့ လုပ်ရပ်များကို စည်ပင်က ကြပ်မတ်ပေးရန် မေးခွန်းများကိုလည်း မေးမြန်းဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
Aug 21 • 1:11 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 31 | 0 | 0 | 0 |


