ဂျပန်နိုင်ငံ၊ Chiba မြို့၌ ဩဂုတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ လူငယ်ဘောလုံးအသင်းသည် ဩဂုတ်လ ၁၉ ရက်နေ့က ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည့် မြန်မာအသင်းသည် အသင်းပေါင်း ၄၀ ပါဝင်မည့် အဆိုပါပြိုင်ပွဲတွင် အုပ်စု (I) ၌ Urawa Red Diamonds Junior၊ FC LIBERTA Fukuoka U-12 နှင့် Shonan Bellmare Academy အသင်းတို့နှင့်အတူ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို Round Robin စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စုဗိုလ်များသည် Round of 16 သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကာ၊ အုပ်စုဒုတိယနှင့် အကောင်းဆုံး တတိယအသင်းများသည် Play-off အဆင့်မှတစ်ဆင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
U-12 Junior Soccer World Challenge 2026 ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ လူငယ်ဘောလုံးအသင်း ဂျပန်နိုင်ငံသို့ ထွက်ခွာ
Aug 21 • 1:09 PM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


