စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ယာယီရေဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရသည့် ထုံးဘို၊ ရွာထောင်၊ တကောင်း အပါအဝင် ရပ်ကွက် ၇ ခုမှ ရေဘေးသင့် အိမ်ထောင်စု ၁၉၅ စုအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို သွားရောက် ထောက်ပံ့ပေးခဲ့သည်။ ယင်းသို့ ထောက်ပံ့ရာတွင် ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံ စေတနာလုပ်အားရှင်များ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများထံ တာပေါ်လင် ၁၉၅ ချပ်၊ မိသားစု တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၁၉၅ စုံနှင့် ယာယီရွက်ဖျင်တဲ ၂ လုံးတို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 21 • 1:06 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


