back

SEA Games ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၁၈ နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြင်ဆင်

Aug 21 • 1:05 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

SEA Games ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၁၈ နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြင်ဆင်

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်း အားကစားနည်း ၄၃ နည်းအနက် ၁၈ နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျ...

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်း အားကစားနည်း ၄၃ နည်းအနက် ၁၈ နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြင်ဆင်လျက်ရှိကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၏ ပြောကြားချက်အရ သိရသည်။ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ရေးကို ဦးတည်၍ ပြင်ဆင်လျက်ရှိရာ လက်ရှိတွင် နေပြည်တော်ရှိ Gold Camp နှင့် Youth Camp တို့၌ မြားပစ်၊ ပြေးခုန်ပစ်၊ ခြင်းလုံး၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်းနှင့် လက်ဝှေ့ စသည့် အားကစားနည်း ၇ နည်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၁၂၀ ဦး စခန်းဝင်လေ့ကျင့်လျက် ရှိသည်။ ထို့ပြင် ဩဂုတ်လ ၁၈ ရက်က အဆိုပါ အားကစားစခန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အားကစားသမားများ၏ လေ့ကျင့်ရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် စည်းကမ်းလိုက်နာရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

34