ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိလာသဖြင့် ဩဂုတ်လ ၂၀ ရက် ညပိုင်းမှစတင်ကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များမှ နေအိမ် ၁,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ရေဘေးရှောင် ပြည်သူ ၅၀၀ ဦးကျော်အား တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ညတွင်းချင်း ရွှေ့ပြောင်းပေးခဲ့ရသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် ၂၄ နာရီအတွင်း ၂ ပေခန့် ထပ်မံမြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကာ၊ တာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 21 • 10:32 AM
မြန်မာ
ကရင်
မျှဝေမည်
| 30 | 0 | 0 | 0 |


