တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီး အစားအသောက် ကုမ္ပဏီတစ်ခုဖြစ်သည့် Dongwon F&B သည် ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်တင်ပို့မှု ပိုမိုအားကောင်းစေရန်အတွက် ယင်း၏ ထိပ်တန်း ပင်လယ်ရေမှော် အမှတ်တံဆိပ်ဖြစ်သော Yangban Gim ၏ ထုပ်ပိုးမှု ပုံစံများကို ခေတ်မီဆန်းသစ်အောင် ပြန်လည်ပြင်ဆင်လိုက်ကြောင်း ကိုရီးယားတိုင်းမ် သတင်းတွင် ဖော်ပြထားသည်။ နှစ်ပေါင်း ၄၀ ကြာ ရေရှည်ရပ်တည်လာခဲ့သည့် Yangban အမှတ်တံဆိပ်၏ ရိုးရာ ပုံရိပ်ကို ပိုမို ခေတ်မီစေရန် ဆန်းသစ်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး စူပါမားကတ်များနှင့် ပြည်ပစျေးကွက်များတွင် လူကြိုက်များသည့် သံဗူးပင်လယ်ရေမှော်များ အပြင် ဂိုပ်ချမ်းဒိုဂင်၊ ဂမ်ထဲနှင့် မဲဆဲအီ အစရှိသော အဆင့်မြင့် ပင်လယ်ရေမှော် ထုတ်ကုန်အသစ်များကိုပါ စျေးကွက်သို့ မိတ်ဆက်ခဲ့သည်။ ထို့ပြင် Dongwon F&B သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ၁၀၀ ရာခိုင်နှုန်း စက္ကူဖြင့် ပြုလုပ်ထားသော All Paper Package နှင့် စွန့်ပစ် ပလတ်စတစ်များကို ပြန်လည်အသုံးပြုထားသည့် စိမ်းလန်းစိုပြည်သော ထုပ်ပိုးမှုစနစ်များကိုပါ ကျင့်သုံးကာ အမေရိကန်၊ ဂျပန်နှင့် ထိုင်း အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့မှုကို ပိုမို တိုးချဲ့သွားမည်ဖြစ်သည်။
Aug 21 • 6:35 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


