ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ကုန်ကားများ ဝင်ရောက်ရာ အဓိက လမ်းကြောင်းဖြစ်သော ဗလမင်းထင်တံတားတွင် ကုန်ကားများ ဝင်ရောက်ခွင့်ကို ဩဂုတ်လ ဒုတိယအပတ်မှစ၍ ပိတ်ပင်ထားသဖြင့် အခြေခံ စားသောက်ကုန်များကို ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေများဖြင့် အဆင့်ဆင့် သယ်ယူနေရကြောင်း ကုန်သည်များနှင့် ဒေသခံများထံမှ သိရသည်။တရုတ်ဘက်မှ ကြက်ဥအတုများ ဝင်ရောက်နေသည်ဆိုသည့် သတင်းများကြောင့် ကံပိုက်တည်-ဆဒုံး-ဝိုင်းမော် လမ်းမှ ဝင်ရောက်လာသည့် စားသောက်ကုန် တင်ဆောင်ထားသော ကုန်ကားများကို မိုင်းနားကျေးရွာအထိသာ ဝင်ရောက်ခွင့်ပြုပြီး မြစ်ကြီးနားမြို့ဘက်သို့ တင်းကြပ် ပိတ်ပင်ထားခြင်း ဖြစ်သည်။အဆိုပါ ကုန်ကားများ ဖြတ်သန်းခွင့် မရသော်လည်း ကုန်သည်များသည် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာနှင့် ဝိုင်းမော် ကူးတို့ဆိပ်တို့မှတစ်ဆင့် စက်လှေများဖြင့် ဧရာဝတီမြစ်ကို ဖြတ်သန်းကာ မြစ်ကြီးနားမြို့ရှိ ကချင်စုနှင့် မင်းရပ် ရပ်ကွက်များသို့ ကုန်ပစ္စည်းများ ပြန်လည် သယ်ယူနေကြသည်။ထိုသို့ ကုန်တင်ကုန်ချ လုပ်ငန်းများကို ကချင်စု သဲကျောက်ဆိပ်၌ ပြုလုပ်စဉ် ပုပ်သိုး အနံ့ဆိုးများနှင့် ဆူညံသံများကြောင့် ရပ်ကွက်နေ ပြည်သူများက တိုင်တန်းသဖြင့် သက်ဆိုင်ရာက သွားရောက် တားမြစ်ခဲ့သော်လည်း လက်ရှိတွင် ည ၇ နာရီမှ ၁၂ နာရီဝန်းကျင်အထိ တိတ်တဆိတ် ဆက်လက် သယ်ယူလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗလမင်းထင်တံတား ကုန်ကားဝင်ခွင့် ပိတ်ထားသဖြင့် စက်လှေများဖြင့် အဆင့်ဆင့် သယ်ယူနေရ
Aug 21 • 4:46 AM
မြန်မာ
ကချင်
မျှဝေမည်
| 35 | 0 | 0 | 0 |


