မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာ (တောင်သမန်အင်းအတွင်း) ၌ နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိသည့် တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲတော် (ဒေသအခေါ် ဘိုးရေကြီးပွဲ) အား ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။အဆိုပါ နတ်ပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော် ၂ ရက်မှ ၁၀ ရက်အထိ ချိုးရေတော်သုံးပွဲ၊ ချော့ပွဲ၊ တက်ပွဲ အစရှိသည့် ရိုးရာဓလေ့ နတ်ပူဇော် အခမ်းအနားများဖြင့် ကျင်းပလေ့ရှိသည်။ကိုဗစ်-၁၉ ကာလနောက်ပိုင်း အကျဉ်းရုံးသာ ကျင်းပခဲ့ရသော်လည်း ၂၀၂၄ ခုနှစ်မှစ၍ ပြန်လည် ကျင်းပလာနိုင်ခဲ့ပြီး ယခုနှစ်တွင် ဒေသတွင်း တည်ငြိမ်လာမှုနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာသူများဖြင့် အစည်ကားဆုံး ဖြစ်စေရန် ပွဲစီစဉ်သူများက ပြင်ဆင်လျက်ရှိသည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၌ တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေ
Aug 21 • 4:45 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 41 | 0 | 0 | 0 |


