back

တနင်္သာရီတိုင်း၌ မိုးသည်းထန်စွာ ရွာသွန်း၍ မြို့ရွာအချို့ ရေကြီးရေလျှံမှု ဖြစ်ပွား

Aug 21 • 4:10 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၌ မိုးသည်းထန်စွာ ရွာသွန်း၍ မြို့ရွာအချို့ ရေကြီးရေလျှံမှု ဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့တွင် ဩဂုတ်လ တတိယပတ်အတွင်း မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။တနင်္သာရီမြို့ရှိ တနင်္သာ...

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့တွင် ဩဂုတ်လ တတိယပတ်အတွင်း မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။တနင်္သာရီမြို့ရှိ တနင်္သာရီမြစ်ရေသည် ဩဂုတ် ၁၇ ရက်တွင် စိုးရိမ်ရေမှတ် ၁၇ ပေဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး မြေနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်ရောက်ခဲ့သည့်အပြင် တနင်္သာရီမြစ်ရေနှင့် ဆက်စပ်နေသည့် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ လယ်တောင်ယာရွာတွင်လည်း ဩဂုတ် ၁၉ ရက် ညနေပိုင်းက ဒူးဝန်းကျင်အထိ ရေတက်ခဲ့သည်။ ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့နှင့် မြစ်ချောင်းနီး ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော်လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် အခြေအနေမျိုး မရှိသေးပေ။မုတ်သုံလေ အားကောင်းမှုကြောင့် ဩဂုတ် ၂၄ ရက်အထိ တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အများအပြား၌ မိုးဆက်လက် ကြီးနိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်၊ ချောင်းအနီး နေထိုင်သူများအနေဖြင့် လျှပ်တစ်ပြက် ရေကြီးမှုနှင့် မြေပြိုမှု ဘေးအန္တရာယ်များကို ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

news-view-count-icon

41