back

ရှမ်းပြည်နယ် ၊ အောင်ပန်း ကုန်စည်ဈေးကွက်၌ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ရွှေပဲတို့ ဈေးအမြင့်ဆုံး ရောက်ရှိ

Aug 21 • 6:35 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် ၊ အောင်ပန်း ကုန်စည်ဈေးကွက်၌ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ရွှေပဲတို့ ဈေးအမြင့်ဆုံး ရောက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်း ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ရွှေပဲတို့မှာ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး အခြား ဟင်းသီးဟင်းရွက်နှင့် စို...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်း ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ရွှေပဲတို့မှာ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး အခြား ဟင်းသီးဟင်းရွက်နှင့် စိုက်ပျိုးရေး ထွက်ကုန်အများစုမှာ ဈေးအလယ်အလတ်နှင့် အနိမ့်ပိုင်းတွင် ရှိနေကြောင်း သိရသည်။ဈေးမြင့်တက်နေသည့် ကြက်သွန်နီမှာ တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၆,၇၀၀ အထိ၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ကျပ် ၃,၃၀၀ မှ ၁၂,၀၀၀ အထိနှင့် ရွှေပဲမှာ တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ မှ ၁၁,၀၀၀ အထိ ရှိနေသည်။ ထို့အပြင် ကြက်သွန်မြိတ်မှာလည်း ဈေးကောင်း ရရှိနေကြောင်း ကုန်စည်ပွဲစားများထံမှ သိရသည်။ခရမ်းချဉ်၊ ငရုတ်ပွ၊ ဂေါ်ဖီ၊ ပန်းပွင့်၊ ဘိုစားပဲ၊ မုံလာဥနီ၊ ရွှေဖရုံနှင့် ဒညှင်းသီးတို့မှာ ဈေးနှုန်း အလယ်အလတ်အခြေအနေတွင် ရှိနေပြီး ခရမ်းသီး၊ ကျောက်ဖရုံ၊ အာလူး၊ ဂျင်းဥမမြေဖြူ၊ မြေပဲကြားနှင့် နနွင်းတက်တို့မှာ ဈေးအနိမ့်ပိုင်းတွင် ရှိနေသည်။ အထူးသဖြင့် မြေပဲကြားမှာ ပြည်ပတင်ပို့မှု (Export) မရှိသဖြင့် ဈေးနှုန်း အနိမ့်ပိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

news-view-count-icon

35