back

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါ SEZ ၌ ၃.၃၇ မဂ္ဂါဝပ် ဆိုလာစွမ်းအင် ရှေ့ပြေးစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး

Aug 21 • 3:32 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါ SEZ ၌ ၃.၃၇ မဂ္ဂါဝပ် ဆိုလာစွမ်းအင် ရှေ့ပြေးစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန် (ဇုန်-အေ) အတွင်း သီလဝါ ပရောပါတီး ဒက်ပလော့မင့် လီမိတက် (TPD) က အကောင်အထည်ဖော်ထားသည့် ၃.၃၇ မဂ္ဂ...

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန် (ဇုန်-အေ) အတွင်း သီလဝါ ပရောပါတီး ဒက်ပလော့မင့် လီမိတက် (TPD) က အကောင်အထည်ဖော်ထားသည့် ၃.၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး ရှေ့ပြေးစီမံကိန်း ပြီးစီးခဲ့ပြီး ဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့် R&C ဧရိယာသို့ လျှပ်စစ်ဓာတ်အား စတင် ဖြန့်ဖြူးပေးလျက် ရှိသည်။အဆိုပါ စီမံကိန်းကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက် ပြီးစီးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် တရားဝင် ဖွင့်လှစ်ခဲ့ကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄.၇၃ သန်း ကီလိုဝပ်နာရီခန့် ထုတ်လုပ်သွားမည် ဖြစ်သည်။ထုတ်လုပ်သည့် ဓာတ်အားအနက် ၂.၆၈၅ မဂ္ဂါဝပ်ကို စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးမည်ဖြစ်ပြီး ကျန် ၀.၆၈၈ မဂ္ဂါဝပ်ကို ဘက်ထရီ စွမ်းအင်သိုလှောင်စနစ် (BESS) မှတစ်ဆင့် R&C ဧရိယာရှိ ဟိုတယ်များ၊ ငှားရမ်းနေထိုင်သူများနှင့် လုပ်ငန်းရှင်များထံ On-grid နှင့် Hybrid စနစ်များဖြင့် ဖြန့်ဖြူးပေးလျက် ရှိသည်။

news-view-count-icon

46