back

စင်ကာပူက ကမ္ဘာ့ထိပ်တန်း သူဌေးများကို ဆွဲဆောင်ရန် ပြည်ဝင်ခွင့်ဗီဇာနှင့် အခွန်စည်းမျဉ်းများ ပြင်ဆင်

Aug 21 • 3:12 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူက ကမ္ဘာ့ထိပ်တန်း သူဌေးများကို ဆွဲဆောင်ရန် ပြည်ဝင်ခွင့်ဗီဇာနှင့် အခွန်စည်းမျဉ်းများ ပြင်ဆင်

စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ (MAS) သည် နိုင်ငံအတွင်း ကမ္ဘာ့ထိပ်တန်း ပိုင်ဆိုင်မှု စီမံခန့်ခွဲသူများနှင့် သူဌေးများကို ပိုမို ဆွဲဆောင်နိုင်ရန်အတွက် ဗီဇာနှင့် အခ...

စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ (MAS) သည် နိုင်ငံအတွင်း ကမ္ဘာ့ထိပ်တန်း ပိုင်ဆိုင်မှု စီမံခန့်ခွဲသူများနှင့် သူဌေးများကို ပိုမို ဆွဲဆောင်နိုင်ရန်အတွက် ဗီဇာနှင့် အခွန် ကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒအသစ်များကို ၂၀၂၇ ခုနှစ်တွင် စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုတွင် လုပ်ငန်းခွင် ဝင်ရောက်ခွင့် အထူးဗီဇာ (ONE Pass) အောက်၌ ရန်ပုံငွေ မန်နေဂျာများအတွက် သီးသန့် အစီအစဉ်တစ်ရပ် ထည့်သွင်းပေးမည်ဖြစ်ပြီး သတ်မှတ်ချက် မပြည့်မီပါကလည်း အကျိုးအမြတ်အပေါ် အခြေခံသည့် ဝင်ငွေများကိုပါ ထည့်သွင်းတွက်ချက် ပေးသွားမည်ဖြစ်သည်။ ထို့ပြင် စင်ကာပူတွင် အခြေစိုက်သည့် ရန်ပုံငွေများမှ ရရှိသော အမြတ်အစွန်းများအပေါ် အခွန်ကင်းလွတ်ခွင့် ပေးအပ်ခြင်းနှင့် ဟက်ဂျ်ဖန် (Hedge Fund) ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သစ်များ တိုးချဲ့ခြင်းတို့ ပါဝင်ရာ ဟောင်ကောင်နိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် စင်ကာပူ၏ ဘဏ္ဍာရေးဆိုင်ရာ ဆွဲဆောင်မှုကို ပိုမို ခိုင်မာစေမည်ဖြစ်သည်။

news-view-count-icon

15