မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်၊ စော်ကဲစုပိုင်း၊ တောင်ကြားရပ်ကွက်၌ ယမန်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က အရက်သေစာ အလွန်အကျွံ သောက်သုံးပြီး အရက်ကြောင်နေသည့် အသက် ၄၁ နှစ်အရွယ် ဇော်မျိုးနိုင် ဆိုသူသည် ၎င်း၏ ဇနီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မစန်းညွန့်အား ထင်းပိုင်းဖြင့် ဦးခေါင်းထိပ်ကို ၄ ချက် ရိုက်နှက်ခဲ့သည်။အဆိုပါ ရိုက်နှက်ခံရမှုကြောင့် မစန်းညွန့်မှာ ဦးခေါင်း ပွင့်ထွက်ဒဏ်ရာနှင့် နှာခေါင်း သွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇနီးဖြစ်သူအား ရိုက်နှက် သေဆုံးစေခဲ့သူ ဇော်မျိုးနိုင်ကို ဖမ်းဆီး၍ သက်ဆိုင်ရာက အမှုဖွင့် စစ်ဆေးလျက် ရှိသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အရက်ကြောင်သူ လင်ယောက်ျားက ဇနီးဖြစ်သူအား ထင်းပိုင်းဖြင့် ရိုက်နှက်၍ သေဆုံးမှု ဖြစ်ပွား
Aug 21 • 3:01 AM
မြန်မာ
မွန်
မျှဝေမည်
| 33 | 0 | 0 | 0 |


