back

ဆိုက်ဘာ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံရှိ Strategy First နှင့် JobNet အပြင် အာဆီယံ ဒေသတွင်း အဖွဲ့အစည်း ၅ ခု၏ ဒေတာများ ပေါက်ကြားခဲ့

Aug 21 • 2:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆိုက်ဘာ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံရှိ Strategy First နှင့် JobNet အပြင် အာဆီယံ ဒေသတွင်း အဖွဲ့အစည်း ၅ ခု၏ ဒေတာများ ပေါက်ကြားခဲ့

DYSPHOR1A အမည်ရှိ Ransomware အသုံးပြု ဟက်ကာဂိုဏ်း၏ ဖောက်ထွင်း တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံမှ Strategy First International College (SFIC) နှင့် JobNet Myan...

DYSPHOR1A အမည်ရှိ Ransomware အသုံးပြု ဟက်ကာဂိုဏ်း၏ ဖောက်ထွင်း တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံမှ Strategy First International College (SFIC) နှင့် JobNet Myanmar အပါအဝင် အာဆီယံ ဒေသတွင်း အဖွဲ့အစည်း ၅ ခု၏ ဒေတာ အချက်အလက်များ ပေါက်ကြားခဲ့ကြောင်းသိရသည်။၎င်းဒေတာများလည်း Dark Web ပေါ်၌ ရောင်းချခံနေရကြောင်း ဆိုက်ဘာ လုံခြုံရေး စောင့်ကြည့်လေ့လာသည့် FalconFeeds.io ၏ ဖော်ပြချက်အရ သိရသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံမှ Strategy First ကျောင်း၏ ကျောင်းသား အကောင့်များနှင့် ကိုယ်ရေးအချက်အလက်များ၊ JobNet Myanmar ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် သုံးစွဲသူ အကောင့်များ ပေါက်ကြားခဲ့သည်။ထို့အပြင် ထိုင်းနိုင်ငံမှ GUSTO College ၏ သင်ကြားမှု စနစ်ဆိုင်ရာ အကောင့်များ၊ Allianz Thailand အာမခံ ကုမ္ပဏီ၏ အတွင်းပိုင်း ဘဏ္ဍာရေး စနစ်များနှင့် အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့မှ ရဲအရာရှိ ၅၂,၀၀၀ ၏ ကိုယ်ရေး ဒေတာဘေ့စ်များပါ ပါဝင်သွားခဲ့ပြီး အဆိုပါ အချက်အလက်များကို Dark Web ပေါ်တွင် ဒေါ်လာ ၅၅၀ မှ ၂,၃၅၀ အထိ ဈေးနှုန်းဖြင့် လေလံတင် ရောင်းချလျက်ရှိကြောင်း သိရသည်။

news-view-count-icon

91