ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဩဂုတ် ၂၀ ရက် ဈေးနေ့တွင် ယာယီ မြို့မဈေးကြီးအတွင်း ရေများ ဝင်ရောက် ဝပ်နေကြောင်း သိရသည်။ဆီဆိုင်မြို့တွင် မိုးရွာသွန်းပါက ရေဝပ်မှုများသည် အနိမ့်ပိုင်းမှတစ်ဆင့် နမ့်တဘက်ချောင်းအတွင်းသို့ စီးဝင်သွားသဖြင့် ရေကြီးရေလျှံမှု မရှိသော်လည်း လက်ရှိတွင် ယာယီဈေးအဖြစ်သာ ဖွင့်လှစ်ထားရသဖြင့် မိုးသည်းထန်ချိန်၌ အနည်းငယ် ရေဝပ်နေခြင်း ဖြစ်သည်။ဆီဆိုင်မြို့မဈေးကြီးမှာ ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် မီးလောင် ပျက်စီးခဲ့ရပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ဆောင်ချိန်တွင် ယာယီဈေးအဖြစ်သာ ရောင်းချနေရခြင်း ဖြစ်သည်။
Aug 21 • 2:19 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 28 | 0 | 0 | 0 |


