အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲအတွက် အုပ်စု မဲခွဲပွဲကို ဩဂုတ် ၂၀ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်းယူနိုက်တက် အသင်းသည် အုပ်စု (E) ၌ ကျရောက်ခဲ့သည်။အဆိုပါ ပြိုင်ပွဲ အုပ်စုအဆင့်တွင် အသင်းပေါင်း ၂၀ ပါဝင်ပြီး ၄ သင်းစီပါဝင်သော အုပ်စု ၅ အုပ်စု ခွဲကာ အနောက်အာရှဇုန် အုပ်စု ၃ ခုနှင့် အရှေ့အာရှဇုန် အုပ်စု ၂ ခု ခွဲခြား၍ ပတ်လည် တစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်သည်။ကွာတားဖိုင်နယ်သို့ အနောက်အာရှဇုန်မှ ၄ သင်းနှင့် အရှေ့အာရှဇုန်မှ ၄ သင်း၊ စုစုပေါင်း ၈ သင်း တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်း ကျရောက်သည့် အုပ်စု (E) တွင် တရုတ်တိုင်ပေ ကလပ် နယူးတိုင်ပေစီးတီး၊ ခြေစစ်ပွဲ အနိုင်ရအသင်းနှင့် AFC Champions League Two မှ ရှုံးနိမ့်လာသည့် အသင်းတို့ ပါဝင်နေကြောင်း သိရသည်။
Aug 21 • 2:18 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 52 | 0 | 0 | 0 |


