လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆွန်ဆိုင်း ဆီဖန်ဒုန်း (Sonexay Siphandone) သည် လွမ်နမ်သာ (Luang Namtha) ပြည်နယ်ရှိ ဘိုတန် ဒန်ငမ်း အထူးစီးပွားရေးဇုန် (Boten Dan Ngam SEZ) သို့ သွားရောက်စစ်ဆေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှု မြှင့်တင်ရန်နှင့် အုပ်ချုပ်ရေး လုပ်ငန်းများကို ပိုမို တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ ဘိုတန် အထူးစီးပွားရေးဇုန်သည် ဘဏ္ဍာရေး၊ စက်မှု၊ လော့ဂျစ်စတစ်နှင့် ခရီးသွားလုပ်ငန်းဟူသော အဓိက ကဏ္ဍ ၄ ခုဖြင့် ၂၀၁၂ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး မသန့်ရှင်းသော စီးပွားရေးလုပ်ငန်းများ တားဆီးရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ ရှင်းလင်းလွယ်ကူစေရေးအတွက် စီမံကိန်းနယ်မြေ ခွဲခြားမှုများကို ပြန်လည်စိစစ်ရန် ဝန်ကြီးချုပ်က မှာကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေး စီမံရန်၊ ပျက်စီးနေသော လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို အမြန်ဆုံး ပြင်ဆင်ရန်နှင့် နယ်စပ်ဖြတ်ကျော် သွားလာမှု လုပ်ထုံးလုပ်နည်းများကို ပိုမို ချောမွေ့စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ထပ်မံ ညွှန်ကြားခဲ့သည်။
လာအိုရှိ ဘိုတန် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှု ပိုမိုတင်းကျပ်ရန် လာအိုဝန်ကြီးချုပ် တိုက်တွန်း
Aug 21 • 2:18 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


