ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားအနီးရှိ ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA) အသင်းရုံးခန်းအတွင်းသို့ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းက လူလေးဦး ဝင်ရောက်လာပြီး ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရုံးခန်းအတွင်း လူငါးဦး ရှိနေစဉ် အမည်မသိ လူလေးဦး ဝင်ရောက်လာပြီး ဦးမောင်မောင်ညွန့်အား ချုပ်နှောင်ကာ တိတ်ဖြင့် စည်းနှောင်ခဲ့ကြောင်းသိရသည်။ကျန်ရှိသူတွေထဲက သုံးဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒေါ်မြတ်စုလှိုင်ကိုလည်း သေနတ်ပြကာ ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြန်လည်ခုခံပြီး အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် လူတွေ ဝိုင်းလာခဲ့ကြောင်း သိရပါတယ်။ထို့ကြောင့် လေးယောက်လုံး ဦးမောင်မောင်ညွန့်၏ ကားကို ထားရှိခဲ့ပြီး ဖုန်းကို ယူဆောင်၍ ခြေလျင် ထွက်ပြေးလွတ်မြောက်သွားခဲ့ေကြာင်းဆိုသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ဦးမောင်မောင်ညွန့်၌ ဒဏ်ရာများ ရရှိခဲ့ပြီး ဒဂုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်၍ တရားခံများအား စုံစမ်း ဖမ်းဆီးလျက် ရှိသည်။
ရန်ကုန်ရွှေတိဂုံဘုရားအနီးရှိ YMBAရုံး၏ ဗဟိုအတွင်းရေးမှူးအား လူ၄ဦးက ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့
Aug 21 • 2:17 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 44 | 0 | 0 | 0 |


