back

ဂျပန်နိုင်ငံ၌ အမြန်ရထား တိုက်မိ၍ အလုပ်သမား ၄ ဦး သေဆုံး

Aug 21 • 2:16 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ၌ အမြန်ရထား တိုက်မိ၍ အလုပ်သမား ၄ ဦး သေဆုံး

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြောက်ဘက်ရှိ ရှင်း-ခါနူမာ (Shin-Kanuma) ဘူတာရုံ၌ ယမန်နေ့ ဩဂုတ် ၂၀ ရက်က ရထားသံလမ်း ဘေးဝန်းကျင်တွင် မြက်ပင်များ ရှင်းလင်းနေသည့် အလုပ်သမ...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြောက်ဘက်ရှိ ရှင်း-ခါနူမာ (Shin-Kanuma) ဘူတာရုံ၌ ယမန်နေ့ ဩဂုတ် ၂၀ ရက်က ရထားသံလမ်း ဘေးဝန်းကျင်တွင် မြက်ပင်များ ရှင်းလင်းနေသည့် အလုပ်သမား ၄ ဦး ရထားတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုမှာ တိုကျိုမြို့နှင့် နာမည်ကြီး ခရီးသွား ဒေသတစ်ခုဖြစ်သည့် နစ်ကိုး (Nikko) မြို့ကို ဆက်သွယ်ပေးထားသော တိုဘူနစ်ကိုး (Tobu Nikko) သံလမ်းပေါ်တွင် ခုတ်မောင်းနေသည့် Spacia X အမြန်ရထားဖြင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်တွင် အလုပ်သမား ၃ ဦးမှာ ရထားအောက်၌ ညပ်နေပြီး ကျန် ၁ ဦးမှာ ပလက်ဖောင်းပေါ်တွင် သတိလစ် မေ့မြောနေခဲ့ရာမှ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြကြောင်း မီးသတ်ဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားသည်။

news-view-count-icon

9