စပိန်ကလပ် အက်သလက်တီကို အသင်းသည် စပါးအသင်း၏ အာဂျင်တီးနား နောက်ခံလူ ရိုမဲရိုးကို ယူရို သန်း ၄၀ ဖြင့် ၅ နှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။အသက် ၂၈ နှစ်အရွယ် ရိုမဲရိုးသည် ၂၀၂၅ ခုနှစ်တွင် စပါးအသင်း၏ ၁၇ နှစ်အတွင်း ပထမဆုံး မေဂျာဖလားဖြစ်သည့် ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ရေး ကူညီပေးခဲ့သူဖြစ်သော်လည်း နည်းပြသစ် ဒီဇယ်ဘီနှင့် အဆင်မပြေမှုများကြောင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။၎င်းသည် အက်သလက်တီကို အသင်းတွင် ကျောနံပါတ် ၂၁ ကို ဝတ်ဆင်သွားမည်ဖြစ်ပြီး ဆုဖလားများ ရရှိရန်အတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။
Aug 21 • 2:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


