မွန်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ်အများစုတွင် နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းမှစ၍ အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီး အပါအဝင် မော်လမြိုင်၊ ပေါင်၊ မုဒုံနှင့် ရေးမြို့နယ်များရှိ မြို့ပေါ် ကားလမ်းများပေါ်သို့ ရေများ ကျော်လွန် စီးဆင်းနေသဖြင့် ဖြတ်သန်းသွားလာရေး ခက်ခဲလျက်ရှိသည်။အဆိုပါ ကားလမ်းများပေါ်တွင် ရေစီးပြင်းထန်နေသဖြင့် ဖြတ်သန်း သွားလာခွင့်များကို ကန့်သတ်ထားရပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့များက လမ်းကြောင်းပြသခြင်း၊ လမ်းရှင်းလင်းပေးခြင်းစသည့် ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ မိုးဇလကလည်း ကုန်းမြင့်ဒေသနှင့် မြစ်၊ ချောင်းအနီး နေထိုင်သူများအနေဖြင့် လျှပ်တစ်ပြက် ရေကြီးမှုနှင့် မြေပြိုမှု ဘေးအန္တရာယ်များကို ကြိုတင်သတိပြုကြရန် သတိပေး ထုတ်ပြန်ထားသည်။
မွန်ပြည်နယ် တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်း၍ မြို့နယ်အများစုရှိ ကားလမ်းမများပေါ် ရေကျော်ပြီး သွားလာရေး ခက်ခဲလျက်ရှိ
Aug 21 • 2:15 AM
မြန်မာ
မွန်
မျှဝေမည်
| 34 | 0 | 0 | 0 |


