back

AFC Women's Champions League ပြိုင်ပွဲတွင် ဧရာဝတီ အမျိုးသမီးအသင်းက No Limits FC ကို ၈ ဂိုးပြတ်ဖြင့် အနိုင်ရရှိ

Aug 21 • 2:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

AFC Women's Champions League ပြိုင်ပွဲတွင် ဧရာဝတီ အမျိုးသမီးအသင်းက No Limits FC ကို ၈ ဂိုးပြတ်ဖြင့် အနိုင်ရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏကွင်း၌ ဩဂုတ် ၂၀ ရက် ညနေပိုင်းက ကျင်းပသည့် AFC Women's Champions League 2026/27 ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်တ...

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏကွင်း၌ ဩဂုတ် ၂၀ ရက် ညနေပိုင်းက ကျင်းပသည့် AFC Women's Champions League 2026/27 ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်တွင် ဧရာဝတီ အမျိုးသမီး FC အသင်းက No Limits FC အသင်းကို ၈ ဂိုး - ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ဧရာဝတီ အမျိုးသမီးအသင်းသည် ပထမပိုင်းတွင် မေထက်လူ၊ YUMEMI MATSUO၊ ဇင်မိုးပြည့်နှင့် ဖြူဖြူဝင်း တို့၏ သွင်းဂိုးများဖြင့် ၄ ဂိုး - ဂိုးမရှိ ဦးဆောင်ခဲ့ပြီး၊ ဒုတိယပိုင်းတွင် လင်းမြင့်မိုရ်၊ NENE MOCHIZUKI၊ မေထက်လူနှင့် ဝင်းသိင်္ဂီထွန်း တို့က နောက်ထပ် ဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။ဧရာဝတီ အမျိုးသမီး FC အသင်းသည် အုပ်စုအဖွင့်ပွဲတွင် FC Jurong အသင်းကို ၄ ဂိုးပြတ်၊ ဒုတိယပွဲတွင် ၈ ဂိုးပြတ်ဖြင့် အနိုင်ရရှိထားပြီး လာမည့် အုပ်စု တတိယပွဲစဉ်အဖြစ် NEW Taipei City Hang Yuan FC အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

news-view-count-icon

51