back

မန္တလေးမြို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ အဓိက လမ်းမကြီးများနှင့် လူနေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွား

Aug 21 • 1:47 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ အဓိက လမ်းမကြီးများနှင့် လူနေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွား

မန္တလေးမြို့၌ ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့အတွင်းရှိ အဓိက လမ်းမကြီးများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ရွှေ...

မန္တလေးမြို့၌ ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့အတွင်းရှိ အဓိက လမ်းမကြီးများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ရွှေတစ်ချောင်းမြောင်း အနောက်ဘက်ကျသည့် ရပ်ကွက်များနှင့် သီရိမာလာအရှေ့၊ ထိန်ကုန်းရပ်ကွက်ရှိ နေအိမ်များအတွင်းသို့လည်း ၃ ပေကျော်အထိ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုမှာ လေပြင်းများနှင့်အတူ ခဏတာအတွင်း ရေတက်လာခြင်းဖြစ်ပြီး ယခုနှစ် မေလအတွင်းကဖြစ်ပွားခဲ့သည့် ရေဝင်ရောက်မှုထက် ပိုမိုဆိုးရွားကြောင်း ဒေသခံများက ပြောသည်။ထို့အပြင် မြို့ပေါ် လမ်းမကြီးများပေါ်၌လည်း လမ်းလျှောက်သူများနှင့် မော်တော်ဆိုင်ကယ်များ ရေနစ်မြုပ်သည်အထိ ရေလျှံခဲ့သဖြင့် သွားလာရေး ခက်ခဲခဲ့ကြောင်း သိရသည်။အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုမှာ လေပြင်းများနှင့်အတူ ခဏတာအတွင်း ရေတက်လာခြင်းဖြစ်ပြီး ယခုနှစ် မေလအတွင်းကဖြစ်ပွားခဲ့သည့် ရေဝင်ရောက်မှုထက် ပိုမိုဆိုးရွားကြောင်း ဒေသခံများက ပြောသည်။ထို့အပြင် မြို့ပေါ် လမ်းမကြီးများပေါ်၌လည်း လမ်းလျှောက်သူများနှင့် မော်တော်ဆိုင်ကယ်များ ရေနစ်မြုပ်သည်အထိ ရေလျှံခဲ့သဖြင့် သွားလာရေး ခက်ခဲခဲ့ကြောင်း သိရသည်။

news-view-count-icon

51