ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒန်းရပ် တိုက်ခန်းများ၌ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအတွက် အိမ်နေရာအတုနှင့် မွေးစာရင်းအတုများ အသုံးပြု၍ ပန်းရောင်ကတ် လိမ်လည် မှတ်ပုံတင်ထားမှု ၁,၄၆၄ ဦးအထိ တွေ့ရှိခဲ့ပြီးးနောက် စစ်ဆေးမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု ထိုင်းပြည်ထဲရေး ဒုဝန်ကြီး ဝိုရာဆစ်က ယမန်နေ့က ညွှန်ကြားခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်တွင် အစိုးရ ဝန်ထမ်း ၃ ဦး အပါအဝင် ၇ ဦးကို ဖမ်းဆီးထားပြီး သက်ဆိုင်သည့် ပွဲစားများကို အရေးယူရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ လွန်ခဲ့သည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ထုတ်ပေးထားသည့် ပန်းရောင်ကတ်များကိုလည်း ပြန်လည် စိစစ်သွားမည်ဖြစ်သည်။အဆိုပါ မသမာမှုများသည် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေသဖြင့် ဘန်ကောက်မြို့အပြင် တစ်နိုင်ငံလုံးရှိ ခရိုင် ၅၀ စလုံး၌ စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကလေးငယ်များ၏ မွေးဖွားမှု အချက်အလက်များကို အဖွဲ့အစည်းပေါင်းစုံဖြင့် စုံစမ်း ဖော်ထုတ်ရန် ညွှန်ကြားထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒန်းရပ်ရှိ ပန်းရောင်ကတ် မသမာမှုဖြစ်စဉ်ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးရန် ညွှန်ကြား
Aug 21 • 1:45 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


