ထိုင်းနိုင်ငံ မိဖုရား ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက် လေယာဉ်မောင်းနှင်သည့် မိဖုရား ဖြစ်လာစေရန်အတွက် ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက် မောင်းနှင်ရေး သင်တန်းကို ဩဂုတ် ၂၀ ရက်မှ စတင်လေ့ကျင့်နေပြီဖြစ်သည်။မိဖုရားသည် ဆူရတ်ဌာနီရှိ ထိုင်းတော်ဝင်လေတပ်တွင် ဩဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၄ ရက်အထိ လေ့ကျင့်ရေး သင်တန်းများ တက်ရောက်ပြီးနောက် Gripen ဖိုက်တာဂျက်ကို တစ်ကိုယ်တော် မောင်းနှင်နိုင်သည်အထိ လေ့ကျင့်သွားမည် ဖြစ်သည်။ယခင်ကတည်းက လေယာဉ်ပိုင်းလော့ တစ်ဦးဖြစ်သူ မိဖုရားသည် L-39 အမောင်းသင် လေယာဉ်ဖြင့် လေ့ကျင့်ပျံသန်းမှုများတွင် ရမှတ်ကောင်းမွန်ခဲ့သူဖြစ်ပြီး မကြာသေးမီကလည်း ဒွန်မောင်းရှိ တော်ဝင်လေတပ်၌ Flight Simulator Test သင်ကြားမှုများ ခံယူခဲ့သည်။ မိဖုရားအနေဖြင့် ဖိုက်တာဂျက်အား တစ်ကိုယ်တော် မောင်းနှင် ပျံသန်းနိုင်ပါက ကမ္ဘာ့ပထမဆုံး ဖိုက်တာဂျက် မောင်းနှင်နိုင်သည့် မိဖုရား ဖြစ်လာမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ မိဖုရား ဆုသီတာ ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက် ပိုင်းလော့ဖြစ်လာရန် လေ့ကျင့်မှု စတင်
Aug 21 • 1:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


