ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် မနေ့က စိုးရိမ်ရေမှတ် ၁,၁၆၀ စင်တီမီတာကို ကျော်လွန်ကာ ၁,၁၇၂ စင်တီမီတာအထိ ရောက်ရှိလာသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများ၌ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနှင့် ဆက်စပ်သည့် အခြေအနေများကြောင့် မြို့ပေါ်ရပ်ကွက်အများစုတွင် ရေဝင်ရောက်နေ၍ ရေဘေးသင့် ပြည်သူများကို သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းအပါအဝင် ဘေးလွတ်ရာနေရာများသို့ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ရွှေ့ပြောင်းပေးလျက်ရှိသည်။ထို့အပြင် ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်နှင့် မအူပင်မြို့များ၌လည်း မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်လာ၍ ဒေသခံများအား အရေးပေါ် ရွှေ့ပြောင်း
Aug 21 • 1:42 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 32 | 0 | 0 | 0 |


