မန္တလေးမြို့တွင်းရှိ ယာဉ်ရပ်နား (ကန့်သတ်) နေရာများနှင့် ယာဉ်အပ်နှံရာ နေရာများတွင် မြို့တော်စည်ပင်မှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ပေးဆောင်သည့် ယာဉ်ပိုင်ရှင်များအပေါ် မချေမငံ ပြောဆိုဆက်ဆံသည့် ကောက်ခံသူများကို အလုပ်ထုတ်ပယ်သည်အထိ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။မြို့တော်စည်ပင် အခွန်ဌာနက ယာဉ်အမျိုးအစားအလိုက် ပေးဆောင်ရမည့် နှုန်းထားများကို ဆိုင်းဘုတ်များဖြင့် အသိပေးထားသော်လည်း သတ်မှတ်နှုန်းအတိုင်း ပေးဆောင်သည့်အခါ ကောက်ခံသူများ၏ မချေမငံ ဆက်ဆံခံရခြင်းနှင့် မောင်းထုတ်ခံရခြင်းများ ရှိကြောင်း လူမှုကွန်ရက်ပေါ်၌ တိုင်ကြားမှုများ ရှိခဲ့သည်။မန္တလေးမြို့တွင်း ကန့်သတ်လမ်းနေရာများ၌ ယာဉ်ရပ်နားခမှာ မော်တော်ကား/သုံးဘီးအိုးဝေ တစ်နာရီလျှင် ကျပ် ၄၀၀၊ ဆိုင်ကယ် တစ်နာရီလျှင် ကျပ် ၂၀၀ ဖြစ်ပြီး ၈၄ လမ်း (၂၆x၂၈ လမ်းကြား) နှင့် ၂၈ လမ်း (၈၄x၈၅ လမ်းကြား) တို့တွင်မူ တစ်နာရီလျှင် ကျပ် ၁,၀၀၀ ဖြစ်သည်။ ယာဉ်အပ်နှံခ နှုန်းထားများမှာ တစ်ကြိမ်လျှင် စက်ဘီး ကျပ် ၂၀၀၊ ဆိုင်ကယ် ကျပ် ၆၀၀ နှင့် ကား ကျပ် ၁,၀၀၀ အသီးသီး သတ်မှတ်ထားသည်။
မန္တလေး၌ သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်သည့် ယာဉ်ပိုင်ရှင်များကို မချေမငံ ပြောဆိုဆက်ဆံပါက အလုပ်ထုတ်ပယ်သည်အထိ အရေးယူမည်ဟုဆို
Aug 20 • 7:37 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


