back

တောင်ကိုရီးယား၌ နိုင်ငံခြား ခရီးသွားများကြား ရိုးရာမုန့်တိုက်များ အဓိက လည်ပတ်စရာ နေရာများအဖြစ် ရေပန်းစားလာ

Aug 20 • 7:37 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၌ နိုင်ငံခြား ခရီးသွားများကြား ရိုးရာမုန့်တိုက်များ အဓိက လည်ပတ်စရာ နေရာများအဖြစ် ရေပန်းစားလာ

တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ခရီးသွား လုပ်ငန်း တိုးတက်ရေးအတွက် ပြည်သူ ၄၀,၀၀၀ ကျော်၏ ဆန္ဒမဲ ၁.၅ သန်းကျော်ဖြင့် ရွေးချယ်ထား...

တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ခရီးသွား လုပ်ငန်း တိုးတက်ရေးအတွက် ပြည်သူ ၄၀,၀၀၀ ကျော်၏ ဆန္ဒမဲ ၁.၅ သန်းကျော်ဖြင့် ရွေးချယ်ထားသည့် "100x100 Project" အစီအစဉ်၏ ရလဒ်များကို ထုတ်ပြန်ခဲ့ရာ ဒေဂျွန် (Daejeon) မြို့ရှိ သမိုင်းဝင် ဆောင်းဆင်းဒန်း (Sungsimdang) မုန့်တိုက်သည် နာမည်ကြီး ပြတိုက်များနှင့် နန်းတော်များကို ကျော်လွန်၍ လည်ပတ်ချင်ဆုံး နေရာအဖြစ် ထိပ်ဆုံးမှ ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ စန်းစစ်ချက်အရ ခရီးသွားအများစုသည် သမိုင်းဝင် နေရာကြီးများထက် ဒေသတွင်း တန်ဖိုးနည်း စားသောက်ဆိုင်များနှင့် သမိုင်းဝင် မုန့်တိုက်များကို ပိုမို ဦးစားပေး လည်ပတ်လာကြကြောင်း တွေ့ရှိရပြီး ဂျွန်ဆန် (Gunsan) မြို့ရှိ လီဆောင်းဒန်း (Lee Sung Dang) မုန့်တိုက်သည်လည်း ရေပန်းအစားဆုံး နေရာများထဲတွင် ပါဝင်ခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားများ ဆိုးလ်မြို့တော်ပြင်ပရှိ ဒေသအသီးသီးသို့ သွားရောက် လည်ပတ်နိုင်ရန် အပြန်အလှန် အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ် မြေပုံများ စီစဉ်ပေးထားပြီး အစားအသောက် ယဉ်ကျေးမှုသည် ကိုရီးယား ခရီးသွား ကဏ္ဍ၏ အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့သည်။

news-view-count-icon

14