back

တောင်ကိုရီးယား BIGBANG အဖွဲ့ ပွဲထွက် ၂၀ နှစ်ပြည့်အထိမ်းအမှတ် သီချင်းသစ် BiiiG ကို ထုတ်လွှင့်

Aug 20 • 7:36 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား BIGBANG အဖွဲ့ ပွဲထွက် ၂၀ နှစ်ပြည့်အထိမ်းအမှတ် သီချင်းသစ် BiiiG ကို ထုတ်လွှင့်

တောင်ကိုရီးယား နာမည်ကြီး K-pop အမျိုးသားတေးဂီတအဖွဲ့ BIGBANG သည် ပွဲထွက်သည့် ၂၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် BiiiG အမည်ရှိ ဒစ်ဂျစ်တယ် သီချင်းသစ်ကို ဩဂုတ် ၁၉ ရက် ညန...

တောင်ကိုရီးယား နာမည်ကြီး K-pop အမျိုးသားတေးဂီတအဖွဲ့ BIGBANG သည် ပွဲထွက်သည့် ၂၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် BiiiG အမည်ရှိ ဒစ်ဂျစ်တယ် သီချင်းသစ်ကို ဩဂုတ် ၁၉ ရက် ညနေပိုင်းတွင် တရားဝင် ထုတ်လွှင့်လိုက်ကြောင်း အေဂျင်စီ YG Entertainment က ထုတ်ပြန်ခဲ့သည်။ အဆိုပါ သီချင်းသည် ၂၀၂၂ ခုနှစ် ဧပြီလက ထွက်ရှိခဲ့သည့် Still Life သီချင်းနောက်ပိုင်း ၄ နှစ်နှင့် ၄ လအကြာမှ ထွက်ရှိလာသည့် အဖွဲ့လိုက် သီချင်းသစ်ဖြစ်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် G-Dragon၊ Taeyang နှင့် Daesung တို့ သုံးဦးစလုံး ကိုယ်တိုင် ပါဝင်ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်သည်။ BIGBANG သည် သီချင်းသစ် ထွက်ရှိပြီးနောက် ဩဂုတ် ၂၁ ရက်မှစ၍ မြို့ကြီး ၁၉ မြို့တွင် ပွဲပေါင်း ၃၃ ပွဲ ပါဝင်မည့် "XX : Cosmos" ကမ္ဘာ့လှည့် ဂီတဖျော်ဖြေပွဲ စီမံကိန်းကို ဂိုယန်း စတာဒီယမ်မှစတင်၍ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

15