လာအို-တရုတ် ရထားလမ်း စတင်ပြေးဆွဲခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ စုစုပေါင်း ကုန်စည်ပို့ဆောင်မှု ပမာဏသည် တန်ချိန် သန်း ၉၀ အထိ စံချိန်တင် ရောက်ရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုမှာ တန်ချိန် ၂၁ သန်းကျော်အထိ ရှိလာကြောင်း တရုတ် မီးရထား ကွန်မင်း အုပ်စုက ထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း အဆိုပါ ရထားလမ်းမှတစ်ဆင့် ပို့ကုန်သွင်းကုန် စုစုပေါင်း တန်ဖိုးမှာ ယူယွမ် ၁၇.၁၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅၃ ဘီလီယံခန့်) အထိ ရှိခဲ့ပြီး လွန်ခဲ့သောနှစ် တူညီသည့် ကာလထက် ၃၃.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ လာအိုနှင့် တရုတ် မီးရထား အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် တစ်ရက်လျှင် နယ်စပ်ဖြတ်ကျော် ရထားအစင်းရေ ၂၃ စင်းအထိ တိုးမြှင့်ပြေးဆွဲနိုင်ခဲ့ကာ လက်ရှိတွင် လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၉ ခုသို့ ကုန်စည်အမျိုးအစား ၄,၀၀၀ ကျော် ပို့ဆောင်ပေးလျက် ရှိသည်။
Aug 21 • 3:02 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


