မလေးရှားနိုင်ငံ ဆာရာဝတ် (Sarawak) ပြည်နယ် အစိုးရသည် ဒေသတွင်း ခရီးသွား ကဏ္ဍ တိုးတက်စေရန်အတွက် ကူချင်း (Kuching) မြို့နှင့် တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ဂျေဂျူကျွန်း (Jeju Island) အကြား တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေး AirBorneo လေကြောင်းလိုင်းနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီး ဒေတု စရီ အဘဒူ ကာရင် မဟာမက် ဟမ်ဇာက ထုတ်ဖော် ပြောကြားခဲ့သည်။ ယူနက်စကို (Unesco) ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင် ဂျေဂျူကျွန်းနှင့် ပထဝီဥယျာဉ်အဖြစ် သတ်မှတ်ခံရမည့် ကူချင်းမြို့တို့အကြား လေကြောင်း ဆက်သွယ်ရေးသည် ခရီးသွားလုပ်ငန်းအပြင် ပညာရေးနှင့် စီးပွားရေး ကဏ္ဍများကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး AirBorneo သည် စက်တင်ဘာလတွင် ဂျကာတာမြို့သို့ စတင် ပျံသန်းပြီးနောက် ဘန်ကောက် သို့မဟုတ် ဂျေဂျူကျွန်းသို့ ဆက်လက် တိုးချဲ့ ပျံသန်းသွားရန် စီစဉ်ထားသည်။
Aug 20 • 6:40 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


