စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး-တမူး လမ်းပိုင်း အခြေအနေများကြောင့် အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် ဆေးနှင့် ဆေးဝါးပစ္စည်းများ ပြည်တွင်းသို့ ပုံမှန် ပြန်လည် မဝင်ရောက်နိုင်သေးကြောင်း နယ်စပ် ကုန်သွယ်ရေး အသိုက်အဝန်းထံမှ သိရသည်။အဆိုပါ လမ်းပိုင်းတွင် တောလမ်းများကိုသာ အဓိက အသုံးပြုနေရသဖြင့် ကုန်သွယ်မှု လွယ်ကူ ချောမွေ့ခြင်း မရှိသေးဘဲ အိန္ဒိယနိုင်ငံမှ ဝင်ရောက်သည့် ကုန်ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ လွတ်လပ်စွာ သယ်ယူနိုင်ခြင်း မရှိသေးပေ။ထိုသို့ လမ်းကြောင်း အခက်အခဲများကြောင့် ဈေးကွက်အတွင်း နိုင်ငံခြား ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်ကာ ဈေးနှုန်းများ ဆက်လက် မြင့်တက်လျက် ရှိသည်။
စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းပိုင်း အခြေအနေကြောင့် အိန္ဒိယနိုင်ငံမှ ဆေးနှင့် ဆေးပစ္စည်းများ ပြည်တွင်းသို့ မဝင်ရောက်နိုင်သေး
Aug 20 • 4:50 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


