back

ဂျပန်ထိပ်သီးကုမ္ပဏီများ၏ အမြတ်ငွေ စံချိန်တင် မြင့်တက်

Aug 20 • 4:49 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်ထိပ်သီးကုမ္ပဏီများ၏ အမြတ်ငွေ စံချိန်တင် မြင့်တက်

ဂျပန်နိုင်ငံ၏ ထိပ်သီးကုမ္ပဏီကြီး ၅၀၀ ၏ ၂၀၂၆ ခုနှစ် ဇွန်လအထိ အဆုံးသတ်သည့် ပထမသုံးလပတ် စုစုပေါင်း အသားတင် အမြတ်ငွေသည် ယခင်နှစ်က စံချိန်တင် ၁၈ ထရီလီယံယန်းကို ကျော်...

ဂျပန်နိုင်ငံ၏ ထိပ်သီးကုမ္ပဏီကြီး ၅၀၀ ၏ ၂၀၂၆ ခုနှစ် ဇွန်လအထိ အဆုံးသတ်သည့် ပထမသုံးလပတ် စုစုပေါင်း အသားတင် အမြတ်ငွေသည် ယခင်နှစ်က စံချိန်တင် ၁၈ ထရီလီယံယန်းကို ကျော်လွန်ကာ ယန်း ၂၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၃၂ ဘီလီယံ) အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဘလွန်းဘတ် (Bloomberg) ကိန်းဂဏန်းများက ဖော်ပြသည်။ ရေနံနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်မားနေသော်လည်း ပို့ကုန်နှင့် ပြည်တွင်း စီးပွားရေး ကဏ္ဍနှစ်ခုလုံးတွင် ဈေးနှုန်းသတ်မှတ်နိုင်မှု စွမ်းအား မြင့်မားလာခြင်းကြောင့် ဂျပန်ကုမ္ပဏီများ၏ ရာခိုင်နှုန်း ၇၁ ရာခိုင်နှုန်းခန့်သည် ဆန်းစစ်သူများ၏ ခန့်မှန်းချက်များကို ကျော်လွန်ကာ ၅ နှစ်အတွင်း အကောင်းဆုံး ရလဒ်များကို ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် Topix အညွှန်းကိန်းဝင် ကုမ္ပဏီများ၏ အမြတ်ငွေ ရာခိုင်နှုန်း (Profit Margin) သည် ၉.၃ ရာခိုင်နှုန်းအထိ စံချိန်တင် ရောက်ရှိခဲ့သဖြင့် ဉာဏ်ရည်တု (AI) ကဏ္ဍအပြင် အခြားသော ကဏ္ဍပေါင်းစုံ၌ပါ စီးပွားရေး ပြန်လည် ဦးမော့လာမည်ဟူသော မျှော်လင့်ချက်များကို ပိုမို အားကောင်းစေခဲ့သည်။

news-view-count-icon

12