မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြားရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်းတွင် ဩဂုတ် ၂၀ ရက် နံနက်ပိုင်းမှစ၍ ကားလမ်းရေကျော်ကာ ရေစီးသန်နေသဖြင့် ဆိုင်ကယ်နှင့် အိမ်စီး ကားအသေးများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။အလားတူ သံဖြူဇရပ်မြို့အနီး ဖေါင်စိန်ကျေးရွာတွင်လည်း ကားလမ်း ရေကျော်မှု ဖြစ်ပွားနေပြီး အနိမ့်ပိုင်း လူနေရပ်ကွက်၊ ကျေးရွာအချို့အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကာ ဒေသခံများအနေဖြင့် ရေကျော်နေသည့် လမ်းပိုင်းများကို အတင်းဖြတ်သန်း မောင်းနှင်ခြင်း မပြုကြရန်နှင့် သဘာဝဘေးအန္တရာယ်များကို အထူးသတိပြုကြရန် နှိုးဆော်ထားသည်။

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ရေကြီးရေလျှံနေသဖြင့် ကားများဖြတ်သန်းသွားလာရန် ခက်ခဲနေ
Aug 20 • 4:16 AM
မြန်မာ
မွန်
မျှဝေမည်
| 49 | 0 | 0 | 0 |


