ရန်ကုန်-နေပြည်တော်ဘက်အခြမ်း၊ မိုင်တိုင်အမှတ် (၆၀/၇) နှင့် (၆၁/၀) ကြားတွင် ယနေ့ ဩဂုတ် ၂၀ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန်ခန့်က မော်တော်ယာဉ်တစ်စီး ရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။အဆိုပါ ဖြစ်စဉ်ကြောင့် ဥသျှစ်ကုန်း အမြန်လမ်း နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ သွားရောက် ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည့် အမျိုးသမီးတစ်ဦးအား မြို့ချောင်း တိုက်နယ်ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



