တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့၌ နေအိမ်ရှေ့နှင့် ခြံဝင်းအတွင်း ရပ်နားထားသည့် ဆိုင်ကယ်များ နှစ်ရက်ဆက်တိုက် ခိုးယူခံခဲ့ရသည်။ဩဂုတ် ၁၈ ရက် ညနေပိုင်းတွင် ညောင်ရမ်းတောင်ရပ်ကွက်၊ မျှော်အင်းလမ်းရှိ နေအိမ်တစ်အိမ်ရှေ့မှ Wave I အမျိုးအစား ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရပြီး ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင်လည်း မြို့သစ်ရပ်ကွက်၊ (၈) လမ်းရှိ နေအိမ်ခြံဝင်းအတွင်းမှ Clic အမျိုးအစား ဆိုင်ကယ်တစ်စီး ထပ်မံ ခိုးယူခံခဲ့ရသည်။ ထို့အပြင် ဩဂုတ် ၁၁ ရက်ညကလည်း ညောင်ရမ်းတောင်ရပ်ကွက်၌ပင် နေအိမ်ခြံဝင်း ဖောက်ထွင်း၍ ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရဖူးသည်။ထားဝယ်မြို့၌ လစဉ် ဆိုင်ကယ် ခိုးယူခံရမှုနှင့် အလစ်သုတ်ခံရမှုများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးသည့်အတွက် ဆိုင်ကယ် ပျောက်ဆုံးသူများအနေဖြင့် ပြန်လည် ရရှိရန် အကူအညီတောင်းခံလျက် ရှိကြသည်။
Aug 20 • 3:37 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 31 | 0 | 0 | 0 |


