ရန်ကုန်တိုင်းဒေသကြီးအတွင်း အထွေထွေ ကုန်ဈေးနှုန်း မြင့်မားလာခြင်းနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် မြို့တွင်း အချက်အချာကျသော နေရာများရှိ နေအိမ်များကို ရောင်းချ၍ မြေဈေးနှင့် အိမ်လခ သက်သာသည့် ဆင်ခြေဖုံး မြို့နယ်များသို့ ရွှေ့ပြောင်းနေထိုင်သူ သိသိသာသာ တိုးပွားလာနေကြောင်း သိရသည်။မြို့တွင်း၌ နေထိုင်စရိတ်၊ စားစရိတ်နှင့် အထွေထွေ အသုံးစရိတ်များ မြင့်တက်လာသဖြင့် မိသားစု အိမ်ခြံမြေများကို ထောင်းရောင်းကာ ကျန်ရှိသော ငွေကြေးဖြင့် စားဝတ်နေရေး ဖြေရှင်းရန် သို့မဟုတ် လုပ်ငန်း ပြန်စရန် ဆင်ခြေဖုံး သို့ ရွှေ့ပြောင်းကြခြင်း ဖြစ်သကဲ့သို့ အိမ်ငှားများမှာလည်း မြို့ပြင်သို့ ပြောင်းရွှေ့လာကြသည်။လက်ရှိတွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်များသို့ ရွှေ့ပြောင်းမှု အများဆုံး ဖြစ်ပေါ်နေပြီး အဆိုပါ ဒေသများရှိ တန်ဖိုးနည်း အိမ်ရာနှင့် မြေကွက်များ အရောင်းအဝယ် သွက်လျက် ရှိသည်။ သို့သော် မြို့ပြင်သို့ ပြောင်းရွှေ့ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လမ်းစရိတ်နှင့် အချိန် ပိုကုန်ခြင်း၊ လုံခြုံရေးနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ရှိနေခြင်းစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရသည်။
ရန်ကုန်၌ မြို့တွင်း တိုက်ခန်းများ ရောင်းချကာ ဆင်ခြေဖုံး မြို့နယ်များသို့ ရွှေ့ပြောင်းနေထိုင်သူ များပြားလာနေ
Aug 20 • 3:36 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 73 | 0 | 0 | 0 |


